မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) လျှောက် ထားခြင်း
မြန်မာနိုင်ငံကူး လက်မှတ်မရှိ၍ မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) လျှောက်ထားရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားသောလျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း များကို ပူးတွဲတင်ပြရပါမည်-
- ကိုယ်ရေးလျှောက်လွှာ
- နိုင်ငံကူးလက်မှတ်မိတ္တူ (နိုင်ငံကူးလက်မှတ်ရှိခဲ့ဖူးပါက) (၂) စုံ
- မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ (နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်/ မြို့နယ်/ ရဲစခန်းထောက်ခံစာများ၊ သင်္ဘောသားဖြစ်ပါက CDC၊ ဝင်ငွေခွန် ပြေစာစသည်ဖြင့်) (၂) စုံ
- ဗီဇာအထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (၂) စုံ
- ကိုယ်ရေးရာဇဝင် (၂) စုံ
- နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ(၄စင်တီမီတာ x ၆စင်တီမီတာ)
- ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန်လိုအပ်ပါသည်။)
- ကျသင့်ငွေ ရူပြား ၄၀၀,၀၀၀/-
- ကာယကံရှင်ကိုယ်တိုင် မြန်မာသံရုံးတွင် လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။
လျှောက်လွှာပုံစံ download ရယူရန်
Contact Us
Address
109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT
Tel No
(62 21) 315 8908, 315 9095
Fax
(62 21) 316 0079
mejakarta109@gmail.com
consularsection.mejkt@gmail.com

