မြန်မာနိုင်ငံသားများမှ ထောက်ခံစာထုတ်ပေးရန် လျှောက်ထားခြင်း
Special Power/General Powerလွှဲပြောင်းခွင့်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ
- ဂျကာတာမြို့၊ မြန်မာသံရုံး၊ သံအမတ်ကြီးထံလိပ်မူရေးသားထားသည့် ကိုယ်ရေးလျှောက်လွှာ
- ကိုယ်ရေးမှတ်တမ်း
- နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိဗီဇာစာမျက်နှာ (မူရင်းနှင့် မိတ္တူ)
- လွှဲပြောင်းသူ၊ လက်ခံသူနှင့် သက်သေ(၂)ဦးတို့၏ အချက်အလက်များပြည့်စုံစွာ ဖြည့်စွက်ကာ လက်မှတ်ရေးထိုးထားသည့် တံဆိပ်ခေါင်းကပ်ထားပြီးသည့် Special Power / General Power မူရင်း
- အသိသက်သေများ၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
- ထောက်ခံစာကြေး ရူပြား ၃၀၀,၀၀၀
- လျှောက်ထားသူအနေဖြင့် သံရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားရန် လိုအပ်ပြီး ကောင်စစ် အရာရှိရှေ့မှောက်တွင် လူကိုယ်တိုင်လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။
မှတ်ချက်။ SP/GP လွှဲပြောင်းခွင့် မဆောင်ရွက်မီ သံရုံးသို့ ဦးစွာဆက်သွယ်မေးမြန်းပေးပါရန် ညှိနှိုင်းအပ် ပါသည်။
ထောက်ခံစာ (Recommendation Letter)
- ဂျကာတာမြို့၊ မြန်မာသံရုံး၊ သံအမတ်ကြီးထံလိပ်မူရေးသားထားသည့် ကိုယ်ရေးလျှောက်လွှာ
- ကိုယ်ရေးမှတ်တမ်း
- နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိဗီဇာစာမျက်နှာ (မူရင်းနှင့် မိတ္တူ)
- ထောက်ခံစာပြုလုပ်ရန် လိုအပ်သည့် စာရွက်စာတမ်းမူရင်း
- ထောက်ခံစာကြေး ရူပြား ၁၅၀,၀၀၀ /-
နိုတြီထောက်ခံစာ (Legalization)
- ဂျကာတာမြို့၊ မြန်မာသံရုံး၊ သံအမတ်ကြီးထံလိပ်မူရေးသားထားသည့် ကိုယ်ရေးလျှောက်လွှာ
- ကိုယ်ရေးမှတ်တမ်း
- နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိဗီဇာစာမျက်နှာ (မူရင်းနှင့် မိတ္တူ)
- ထောက်ခံစာပြုလုပ်ရန် လိုအပ်သည့် စာရွက်စာတမ်းမူရင်း (နိုတြီထောက်ခံစာပြုလုပ်မည့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံရှိနိုတြီပဗ္ဗလစ်၌ ရှေးဦးစွာနိုတြီပြုလုပ်ပြီး မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုတြီတုံးထုပြီးမှသာ သံရုံးမှ ထပ်ဆင့်နိုတြီထောက်ခံချက် ပြုလုပ်ပေးမည် ဖြစ်ပါသည်။)
- နိုတြီထောက်ခံစာအတွက် ကောက်ခံငွေ ရူပြား ၃၀၀,၀၀၀ /-
Contact Us
Address
109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT
Tel No
(62 21) 315 8908, 315 9095
Fax
(62 21) 316 0079
mejakarta109@gmail.com
consularsection.mejkt@gmail.com