မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အထွေထွေအသိပေးချက်(Citizen Service)

  • အင်ဒိုနီးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ဂျကာတာမြို့သို့ မပျက်မကွက် သတင်းပေးပို့ကြရန် တိုက်တွန်းအပ်ပါသည်။
  • မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စ များကို အထူးဂရုပြု ဆောင်ရွက်ပေးကြရန် အသိပေးအပ်ပါသည်။
  • သက်တမ်းကျော်လွန်ခဲ့ပါက ပြန်လည်လျှောက်ထားလျှင် အချိန်ကြာမြင့်မည် ဖြစ်ပါသည်။
  • သာမန်နိုင်ငံကူး လက်မှတ်ကိစ္စများကို မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက် လျှောက် ထားရန် လိုအပ်ပါသည်။
  • မြန်မာနိုင်ငံသားများအတွက် ထောက်ခံစာ လိုအပ်ပါက မြန်မာသံရုံးသို့ လာရောက် လျှောက် ထားနိုင်ပါသည်။
  • အခြားသိသင့် သိထိုက်သည့် အချက်အလက်များကို Travel to Indonesia ကဏ္ဍတွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Travel To Indonesia

အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်လိုသော မြန်မာနိုင်ငံသားများအနေဖြင့် အောက်ပါတို့ကိုသတိပြု ပြင်ဆင်နိုင်ရန်အကြံပြုအပ်ပါသည်-

  • သက်တမ်းအလုံအလောက်ရှိသော နိုင်ငံကူးလက်မှတ်နှင့် သင့်လျော်သည့်ဗီဇာရရှိထားရန်၊ (ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်နိုင်ငံများနှင့် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံကူးလက်မှတ်အလိုက် ဗီဇာကင်းလွတ် ခွင့်သတ်မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည့် https://www.mofa.gov.mm ၌ ဝင်ရောက်လေ့လာနိုင်ပါသည်။ အခြေအနေပေါ်မူတည်၍ အပြောင်း အလဲရှိနိုင်သည့်အတွက် ခရီးသွားများအနေဖြင့် သက်ဆိုင်ရာ Travel Agency (သို့မဟုတ်) ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးသို့ မေးမြန်းစုံစမ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ကို သိရှိထားသင့်ကြောင်း အကြံပြုအပ်ပါသည်။)
  • မိမိ၏ နိုင်ငံကူးလက်မှတ်သည် အနည်းဆုံး (၆)လသက်တမ်းကျန်ရှိရန်၊
  • သက်ဆိုင်ရာနိုင်ငံ၏ စည်းမျဉ်းဥပဒေများကို သိရှိနားလည် လိုက်နာရန်၊
  • ပစ္စည်းများသယ်ဆောင်လာရန်ရှိပါက အင်ဒိုနီးရှားနိုင်ငံ၏ သွင်းကုန်/ပို့ကုန်ဆိုင်ရာ သတ်မှတ် ချက်များကို ကြိုတင်လေ့လာရန်၊
  • ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်လာရောက်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီ/အဖွဲ့အစည်း၏ နောက်ခံအချက်အလက်များ၊ တရားဝင်ဖွဲ့စည်း ဖွင့်လှစ်ထားခြင်းဟုတ်/မဟုတ်၊ မိမိအားကမ်းလှမ်းထားသည့်အလုပ်နှင့် မြေပြင်တွင်အမှန်တကယ် လုပ်ကိုင်ရမည့်အလုပ် တူညီမှုရှိကြောင့် သေချာလေ့လာစိစစ်ပြီးမှ လာရောက်ရန်၊
  • နိုင်ငံကူးလက်မှတ်နှင့် အခြားအရေးကြီးစာရွက်စာတမ်း အထောက်အထားများကို မိမိနှင့်အတူ မိတ္တူတစ်စုံ(hard copy and copy) ထားရှိရန်၊
    လုံလောက်သည့်အသုံးစရိတ်ယူဆောင်လာရန်။
  • အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိစဉ် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက ဂျကာတာမြို့၊ မြန်မာသံရုံး၏ တယ်လီဖုန်းနံပါတ် (62 21) 3158908, 3159095 သို့ဆက်သွယ်၍လည်းကောင်း မြန်မာသံရုံး၏ အီးမေးလ် mejakarta109@gmail.com နှင့် consularsection.mejkt@gmail.com မှတစ်ဆင့်လည်းကောင်း အကူအညီတောင်းခံနိုင်ပါသည်။

Contact Us

Address

109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT

Tel No

(62 21) 315 8908, 315 9095

Fax

(62 21) 316 0079

Email

mejakarta109@gmail.com
consularsection.mejkt@gmail.com