မြန်မာနိုင်ငံသားများမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း

သက်တမ်း (၁)နှစ်အောက် ကျန်ရှိသည့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အင်ဒိုနီးရှား နိုင်ငံတွင် တရားဝင်ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ဂျကာတာမြို့ သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ စိတ်ချရသော စာပို့စနစ်ဖြင့်သော်လည်းကောင်း ပေးပို့၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားသော လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများပူးတွဲ တင်ပြရပါမည်-

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ(၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ်မူရင်း(နိုင်ငံကူးလက်မှတ်စာအုပ်ပါ ဗီဇာစာမျက်နှာများ၏ မိတ္တူတစ်စုံ)
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • အလုပ်ရှင်ထောက်ခံစာမူရင်းနှင့် အလုပ်စာချုပ်မိတ္တူ
  • အလုပ်သမားကတ်မူရင်းနှင့် မိတ္တူ
  • မှီခိုသူဖြစ်ပါကမှီခိုသူဖြစ်ကြောင်းထောက်ခံစာ
  • အခွန်ထမ်းဆောင်ပြီးပါက ထမ်းဆောင်ပြီးသည့် အခွန်စာရွက် မူရင်း+မိတ္တူ
  • အခကြေးငွေ ရူပြား ၆၅၀,၀၀၀/- ပေးဆောင်ရပါမည်။

‌‌လျှောက်လွှာပုံစံပါ လက်မှတ်နှင့် လက်ဗွေ‌‌များသည် ထင်ရှားပြတ်သားခြင်းမရှိပါက ပြန်လည်ရေးထိုး ပေးပို့ရမည်ဖြစ်ပါသဖြင့်ထင်ရှား ပီသစွာရေးထိုးပေးပါရန်နှင့် လက်ဗွေကို မင်နက်ပြာဖြင့်သာ နှိပ်ပေးရန် ဖြစ်ပါသည်။

လျှောက်လွှာပုံစံ Download ရယူရန်

Contact Us

Address

109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT

Tel No

(62 21) 315 8908, 315 9095

Fax

(62 21) 316 0079

Email

mejakarta109@gmail.com
consularsection.mejkt@gmail.com