မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူး လက်မှတ်ပျောက်ဆုံး/ ပျက်စီးခြင်း

အင်ဒိုနီးရှားနိုင်ငံ၌ ရောက်ရှိနေထိုင်စဉ် သာမန်နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီးသွားသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ဂျကာတာမြို့သို့ လူကိုယ်တိုင်လာရောက် လျှောက်ထား ရမည်ဖြစ်ပါသည်။ ယင်းလျှောက်ထားမှုကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ခွင့်ပြုချက် တင်ပြတောင်းခံရန်ရှိပြီး ခွင့်ပြုချက်ရရှိပါက နိုင်ငံကူးလက်မှတ်သစ် ထုတ်ပေးနိုင်ရေးကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည့်စုံစွာဖြည့်စွက်ထားသော လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရပါမည်-

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ (၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းရဲစခန်းထောက်ခံစာမူရင်း (ပျက်စီးမှုအတွက်မလိုပါ)
  • နိုင်ငံကူးလက်မှတ်မိတ္တူနှင့် သက်တမ်းရှိ ဗီဇာစာရွက် မိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားကဒ်ပြားမိတ္တူနှင့် အလုပ်ထောက်ခံစာ၊
  • မှီခိုဖြစ်ပါကမှီခိုသူဖြစ်ကြောင်းထောက်ခံစာ
  • လေယာဉ်လက်မှတ်နှင့် Hotel Booking (မိတ္တူ)
  • ဒဏ်ကြေး ရူပြား ၈,၀၀၀,၀၀၀/-
  • နိုင်ငံကူးလက်မှတ်စာအုပ်သစ်အတွက် ရူပြား ၆၅၀,၀၀၀/-

လျှောက်လွှာပုံစံ Download ရယူရန်

Contact Us

Address

109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT

Tel No

(62 21) 315 8908, 315 9095

Fax

(62 21) 316 0079

Email

mejakarta109@gmail.com
consularsection.mejkt@gmail.com