သာမန်နိုင်ငံကူးလက်မှတ် PV မှ PJ သို့ အမျိုးအစား ပြောင်းလဲလျှောက်ထားလိုခြင်း

နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲလိုသော အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည့်စုံစွာဖြည့်စွက်ထားသော လျှောက်လွှာနှင့်အတူ မြန်မာသံရုံးသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ စိတ်ချရသော စာပို့စနစ်ဖြင့်သော်လည်းကောင်း လျှောက်ထားရမည်ဖြစ်ပါသည်။ အဆိုပါ ပြင်ဆင်လျှောက်ထားမှုကို မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက် ရရှိပါက နိုင်ငံကူးလက်မှတ်သစ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-

  • နိုင်ငံကူးလက်မှတ်အား PV မှ PJ သို့ အမျိုးအစားပြောင်းလဲလျှောက်ထားလိုသည့် ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ(၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ်မူရင်း(နိုင်ငံကူးလက်မှတ်စာအုပ်ပါ ဗီဇာစာမျက်နှာများ၏ မိတ္တူတစ်စုံ)
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • အလုပ်ရှင်ထောက်ခံစာမူရင်းနှင့် အလုပ်စာချုပ်မိတ္တူ
  • အလုပ်သမားကတ်မူရင်းနှင့်မိတ္တူ
  • အခကြေးငွေ ရူပြား ၆၅၀,၀၀၀/- ပေးဆောင်ရပါမည်။

လျှောက်လွှာပုံစံ download ရယူရန်

Contact Us

Address

109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT

Tel No

(62 21) 315 8908, 315 9095

Fax

(62 21) 316 0079

Email

mejakarta109@gmail.com
consularsection.mejkt@gmail.com