မြန်မာနိုင်ငံသားများ မြန်မာသံရုံး၌ ထိမ်းမြား လက်ထပ်ခြင်း

၁။ အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်ရောက်ရှိနေသော မြန်မာနိုင်ငံသား အမျိုးသားနှင့် အမျိုးသမီးတို့ အနေဖြင့် မြန်မာသံရုံး၊ ဂျကာတာမြို့၌ နှစ်ဦးသဘောတူ လက်ထပ်လက်မှတ်ရေးထိုးနိုင်ရေး လျှောက် ထားနိုင်ပါသည်။

၂။ သံရုံး၌ လာရောက်လက်ထပ်ရန် လျှောက်ထားသူများအနေဖြင့် အောက်ဖော်ပြပါ စာရွက် စာတမ်းများ အားပူးတွဲတင်ပြလျှောက်ထားရမည်-

(က) ကိုယ်ရေးလျှောက်လွှာ (သတို့သားနှင့် သတို့သမီးတို့မှ လက်မှတ်ရေးထိုးထားရမည်။)
(ခ) လျှောက်ထားသူနှစ်ဦး၏ ကိုယ်ရေးမှတ်တမ်း
(ဂ) လျှောက်ထားသူနှစ်ဦး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဗီဇာမိတ္တူ
(ဃ) လျှောက်ထားသူနှစ်ဦး၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ
(င) (၆လအတွင်း ရိုက်ကူးထားသော နောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင် ဆံပင် ဖုံးအုပ်ခြင်းမရှိစေရ၊ အရွယ်အစား ၄”x၆”၊ နောက်ခံအဖြူ) (တစ်ပုံအား ကိုယ်ရေးမှတ်တမ်း၌ လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်၌ လည်းကောင်း ကပ်ရမည်။)
(စ) နှစ်ဖက်မိဘများမှ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်းအတွက် ကန့်ကွက်ရန်မရှိကြောင်း လက်မှတ်ရေးထိုးထားသည့် စာမူရင်း
(ဆ) လက်ထပ်မည့်သူနှစ်ဦး၏ မိဘ (သိုမဟုတ်) အုပ်ထိန်းသူမှ လက်ထပ်မည့်သူများသည် အိမ်ထောင် မရှိသူ၊ လူပျို/အပျိုဖြစ်ကြောင်း သက်ဆိုင်ရာဒေသ အသီးသီးရှိ မြို့နယ်တရားရုံး တွင် ကျမ်းကျိန်ထားသည့် ကျမ်းကျိန်လွှာမူရင်းများ တင်ပြရန်ဖြစ်ပါသည်။
(ဇ) လက်ထပ်မည့်သူနှစ်ဦးအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာမြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာနှင့် လက်ထပ်မည့်သူနှစ်ဦးအတွက်မြန်မာနိုင်ငံရှိ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
(ဈ) အလုပ်သမားကတ်၊ အလုပ်စာချုပ်၊ အလုပ်ထောက်ခံစာ

မှတ်ချက်။ လိုအပ်ပါက သံရုံးမှ ထပ်မံတောင်းခံသည့် အထောက်အထား များအား တင်ပြရမည်။

Contact Us

Address

109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT

Tel No

(62 21) 315 8908, 315 9095

Fax

(62 21) 316 0079

Email

mejakarta109@gmail.com
consularsection.mejkt@gmail.com