မြန်မာနိုင်ငံသားအဖြစ်မှ မိမိ၏ သဘောဆန္ဒ အလျောက် စွန့်လွှတ်ခြင်း

မြန်မာနိုင်ငံသားများအနေဖြင့် အခြားနိုင်ငံသားအဖြစ်ခံယူလိုသည့်အခါ မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခွင့် တင်ပြလျှောက်ထားရန် လိုအပ်ပြီး မြန်မာသံရုံးသို့ ကာယကံရှင်မှ အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-

  • မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခွင့်အား မြန်မာသံရုံးသို့ တင်ပြလျှောက်ထားရမည်၊
  • အခြားနိုင်ငံသားအဖြစ် ခံယူမည်ဖြစ်ကြောင်း/ ခံယူကြောင်း သက်သေအထောက်အထား (နိုင်ငံကူး လက်မှတ်/ သက်သေခံလက်မှတ်တို့ကို တင်ပြရမည်)၊
  • ဥပေဒေနှင့်အညီ ရရှိကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်နှင့် စိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်လက်မှတ်နှင့် စိစစ်ရေးကတ်ပြားမူရင်း ပြန်လည်အပ်နှံရမည်၊
  • ကာယကံရှင်အမည်ပါဝင်သော အိမ်ထောင်စုလူဦးရေစာရင်းတင်ပြရမည်၊
  • မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်မည့်သူသည် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်နှင့် စိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်လက်မှတ်နှင့် စိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိပါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်က ၎င်းအမည်ပါဝင်သော အိမ်ထောင်စုလူဦးရေစာရင်း တင်ပြရမည်၊ (ယင်းအိမ်ထောင်စု လူဦးရေစာရင်းတွင် အမည်ပါဝင်မှုမရှိပါက မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်မည့် သူသည် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း မှတ်ပုံတင်ဆောင်ရွက်ခဲ့ခြင်း မရှိသူဖြစ်ပါသည်။)

လျှောက်လွှာပုံစံ download ရယူရန်

Contact Us

Address

109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT

Tel No

(62 21) 315 8908, 315 9095

Fax

(62 21) 316 0079

Email

mejakarta109@gmail.com
consularsection.mejkt@gmail.com