Myanmar-Indonesia Cultural Day 2025 ကျင်းပခဲ့ခြင်း
Myanmar-Indonesia Cultural Day 2025 A love for children’s Education and a Brighter Future ဖြင့် ၂၆-၁၁-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ရာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောလက်စ်တေ၊ ရုရှား၊ မလေးရှား၊ ယူအေအီး၊ အီသီယိုးပီးယား၊ စင်ကာပူ၊ သီရိလင်္ကာ နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များ၊ ပါဝင် ကူညီ ပံ့ပိုးပေးသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းဌာနများ၊ Universitas Negeri Jakarta (UNJ) မှ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း (၁၂၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများ၊ အင်ဒိုနီးရှား-မြန်မာရိုးရာ ယဉ်ကျေးမှုအက နှင့် စားသောက်ဖွယ်ရာများ ခင်းကျင်းဧည့်ခံခဲ့ရာ မြန်မာ့ရိုးရာဓလေ့နှင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရေးယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ခဲ့ပါသည်။
Contact Us
Address
109, JL. HAJI AGUS SALIM, MENTENG, JAKARTA PUSAT
Tel No
(62 21) 315 8908, 315 9095
Fax
(62 21) 316 0079
mejakarta109@gmail.com
consularsection.mejkt@gmail.com

